Local News

မြေပဲဆံများ ဝင်သလောက်အရောင်းသွက်၍ ဈေးနှုန်းမြင့်တက်လာ

Last Updated:

မြေပဲဆံများ ဝင်သလောက်အရောင်းသွက်၍ ဈေးနှုန်းမြင့်တက်လာ

 

ဩဂုတ်လတတိယပတ် မန္တလေးကုန်စည်ဒိုင်သို့ ကျောက်ပန်းတောင်း၊တပ်ကုန်း၊ရမည်းသင်း၊ မကွေး၊အောင်လံဘက်မှ  မြေပဲဆံအသစ်များဝင်ရောက်လျှက်ရှိပြီး  ဝင်သလောက်အရောင်းသွက်၍ မြေပဲဆံဈေးများ မြင့်တက်နေကြောင်း မန္တလေးကုန်စည်ဒိုင်မှ သိရသည်။

 

မြေပဲလုံးဆံ(ဖြူ) တစ်ပိဿာ ဈေးနှုန်းများမှာ ယခု တစ်ပတ် ကျပ် ၆၈၀၀ မှ ၇၀၀၀၊ ယခင် တစ်ပတ် ကျပ် ၆၃၀၀ မှ ၆၄၀၀၊ ယခင်လ ကျပ် ၄၇၀၀ မှ ၄၉၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက် ကျပ် ၅၀၀ မှ ၆၀၀ ယခင်လထက် ကျပ် ၂၁၀၀ မြင့်တက်လာသည်။

မြေပဲလုံးဆံ(နီ) တစ်ပိဿာလျှင် ယခုတစ်ပတ် ကျပ် ၆၇၀၀ မှ ၆၈၀၀၊ ယခင်တစ်ပတ်ကျပ် ၆၂၀၀ မှ ၆၂၅၀၊ ယခင်လကျပ် ၄၈၅၀ မှ ၄၉၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက် ကျပ် ၅၀၀ မှ ၅၅၀၊ ယခင်လထက်ကျပ် ၁၈၅၀ မှ ၁၉၀၀ မြင့်တက်လာသည်။

M တွဲလုံးဆံ တစ်ပိဿာလျှင် ယခုတစ်ပတ် ကျပ် ၆၀၀၀ မှ ၆၆၀၀၊ ယခင်တစ်ပတ်ကျပ် ၅၈၀၀ မှ ၅၉၀၀၊ ယခင်လကျပ် ၄၆၀၀ မှ ၄၇၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက် ကျပ် ၂၀၀ မှ ၇၀၀၊ ယခင်လထက်ကျပ် ၁၄၀၀မှ ၁၉၀၀ မြင့်တက်လာသည်။

S1 ဆီဆံ တစ်ပိဿာလျှင် ယခုတစ်ပတ် ကျပ် ၆၄၅၀ မှ ၆၅၀၀၊ ယခင်တစ်ပတ်ကျပ် ၆၀၅၀ မှ ၆၁၀၀၊ ယခင်လကျပ် ၄၅၀၀ မှ ၄၇၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက် ကျပ် ၄၀၀၊ ယခင်လထက်ကျပ် ၁၈၀၀ မှ ၁၉၅၀ မြင့်တက်လာသည်။

အနီဆီဆံ တစ်ပိဿာလျှင် ယခုတစ်ပတ် ကျပ် ၆၂၀၀ မှ ၆၄၀၀၊ ယခင်တစ်ပတ်ကျပ် ၆၀၀၀   ယခင်လကျပ် ၄၆၅၀ မှ ၄၇၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက် ကျပ် ၂၀၀ မှ ၄၀၀၊ ယခင်လထက်ကျပ် ၁၅၅၀ မှ ၁၇၀၀ မြင့်တက်လာသည်။

ရတနာပုံကုန်သွယ်မှုဗဟိုဌာန                    

 

Category: Local News